02 March 2014

ကျန်သက်တမ်းကာလ ကျေးလက် ဖွံ့ဖြိုးရေး ဆောင်ရွက်မည်

အစိုးရရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းကာလအတွင်း မှာ တောင်သူလယ်သမားတွေနဲ့ နိုင်ငံသားအားလုံး အတွက် ကျေးလက်ဒေသ ဖံွ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဒီနေ့ကျရောက် တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် နိုင် ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာ မှာ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ ကျေးလက်ဒေသ ဖံွ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့ လုပ်ငန်းတာဝန်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံလူဦးရေ ရဲ့ ၇၀ ရာခိုင်နှုန်း တောင်သူလယ်သမားတွေအတွက် လယ်ယာကဏ္ဍ ဖံွ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အဓိကလုပ်ငန်းအဖြစ် ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊
ဒါ့အပြင် ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေအပေါ် ပြည်တွင်းပြည်ပမှာ ခိုင်မာ တဲ့ ဈေးကွက်ရရှိရေးအတွက် ဈေးပြိုင်စနစ်နဲ့ ရောင်းချ တဲ့ နိုင်ငံတကာအဆင့်မီ လက်ကားဈေးကွက်တွေ ပေါ်ပေါက်လာဖို့ကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားပါတယ်။

နေပြည်တော် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန စုပေါင်းရုံးခန်းမမှာ ဒီနေ့ကျင်းပတဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပါတယ်။

အာရ်အက်ဖေ

No comments:

Post a Comment