16 March 2014

အိုင်စလန်ကျွန်းမှ သဘာဝ ရေပန်း (ရေပွက်)

                          အိုင်စလန်ကျွန်းစုနိုင်ငံမှာ နာမည်ကြီးတဲ့ သဘာဝနေရာတစ်ခုကတော့ Strokkur အမည်ရတဲ့ ရေပွက် (Geyser) ဖြစ်ပါတယ်။
အလိုအလျောက်ရေများ ပန်းထွက်နေပြီး သဘာဝရေပန်းလို့တောင် တင်စား ပါတယ်။ ၄ မိနစ် နဲ့ ၈ မိနစ်ကြားမှာ တစ်ခါပန်းထွက်ပြီး ရေတစ်ခါ တက်ရင် ၁၅ မီတာနဲ့ မီတာ ၂၀ ကြားမှာ ဖြစ်ပါတယ်။ တစ်ခါခါကျရင် မီတာ ၄၀ အထိတောင် မြင့်တက်ပါတယ်။

ယင်းသို့ သဘာဝအရောက် ရေပန်းထွက်လာမှုက ၁၇၈၉ ခုနှစ် စတင်တာ ဖြစ်ပြီး ကြီးမားတဲ့ မြေငလျင် လှုပ်ခပ်မှုကြောင့် ပြန်လည် ပွင့်ထွက်လာတဲ့ အပေါက်ဖြစ်ပါတယ်။ ၁၈ ရာစု ကတည်းက ရှိခဲ့တဲ့ ရေပေါက်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်များရဲ့ လေ့လာ တွေ့ရှိချက်အရ ယင်း ရေပွက်အောက်ခြေ ပေ ၆၆၀၀ က ရေလမ်းကြောင်းဟာ မီးရေ (ချော်ရေ) လမ်းကြောင်းပေါ် ရှိနေတဲ့အတွက် အပူချိန်များတဲ့အခါ ရေများ ဆူ ထွက်လာခြင်း ဖြစ်ပါတယ်။ ယင်းသို့ ဆူလာတဲ့ရေဟာ မြေပြင်အထက် မီတာ ၂၀ အထိတောင် မြင့်တက်ပါတယ်။ ၁၈ ရာစုကဆိုရင် မီတာ ၆၀ အထိ မြင့်တက်တယ်ဆိုပါတယ်။

ဒီလို သဘာဝ ရေပွက် (Geyser) ဟာ ကမ္ဘာအနှံ့မှာ ရှိနေပေမယ့် အတွေ့နည်းတဲ့ သဘာဝ ဖြစ်ပါတယ်။ Strokkur Geyser ဟာ အိုင်စလန်ကျွန်းစုရဲ့  ထူးခြားတဲ့ သသာဝ အလှတစ်ခုလို တည်ရှိနေပါတယ်။

Yoyarlay

No comments:

Post a Comment