10 March 2014

စတိုင်ရှိမှ စတားဖြစ်မှာမို့ ဖက်ရှင်ကိုစိတ်ဝင် စားပါတယ်လို့ဆိုသူ အောင်ရဲလင်း

လူငယ်တွေ ကြားမှာ ဖက်ရှင်နဲ့ ပတ်သက်လာရင် စိတ်ဝင်စားခြင်းခံရသူကတော့ အောင်ရဲလင်းပဲဖြစ်ပါတယ်။ ထူးခြားတဲ့ သူ့ဖက်ရှင်စတိုင်နဲ့သင်္ကြန် အတွင်း ဘယ်လိုမြင်ရမလဲ လို့မေးကြည့်တော့ အောင်ရဲလင်း က “ကျွန်တော် ဖက်ရှင်ဒီဇိုင်းနဲ့ ပတ် သက်လာရင်အမြဲလေ့လာဖြစ်တယ်။ မဂ္ဂဇင်း စာအုပ်တွေ အမြဲကြည့်သလို ပုံတွေဆိုလည်းကြိုက်တာတွေ့ရင် ညှပ် ပြီးသိမ်းထားတတ်တယ်။ ဒီနှစ် သင်္ကြန်ဖက်ရှင်တော့မပြောတတ်သေး ဘူး။ ဒါပေမဲ့သင်္ကြန်မှာရေ ကစား ဖို့မဏ္ဍပ်ဆောက်ဖို့တော့ အစီအစဉ် ရှိပါတယ်” လို့ ပြောပါတယ်။ ဇာတ် ကားတွေ ရိုက်ကူးတိုင်းမှာ တစ်ကား နဲ့တစ်ကား ဇာတ်ကောင်စရိုက် မထပ် အောင်၊ ဖက်ရှင်ဒီဇိုင်းတွေ မတူအောင်ဘယ်လို စီ စဉ်ထားလဲလို့မေးကြည့် တော့ “ဆံပင်အဝတ် အစားတွေဆို တော်   တော်ပြင်ဆင်တယ်။ ကားရိုက်တာလည်း များလာတော့ ပုံစံ ကွဲအောင်တော့ လုပ်ရတာပေါ့။ ဒါပေမဲ့ ဇာတ်ပေါ် မူတည်ပြီးတော့ လုပ်တာပဲ။ ဖက်ရှင် က အဓိကကျတာ ပေါ့” လို့ ပြောပြပါ တယ်။ ဘဝမှာ ဖက်ရှင် နဲ့ပတ်သက်လာရင် ခံ ယူထားတဲ့ အတွေးအခေါ် ရှိလားလို့ မေးကြည့် တော့ “ယော က်ျားလေးလည်း ဖက်ရှင်ဆိုတာအရေးပါတာ ပဲ။ သရုပ်ဆောင်မင်းသား၊ မင်းသမီး ရယ်မှမဟုတ်ဘူး။ အားလုံးက ဖက်ရှင်ကို စိတ်ဝင်စား ကြတယ်။ စတိုင်ရှိမှ စတားဖြစ်မှာ။ ဒါ ကြောင့် ဖက်ရှင်နဲ့ ပတ်သက်လို့ ဂရု စိုက် တယ်” လို့ ပြောပြပါတယ်။ အောင်ရဲလင်းက လတ်တ လောမှာ စိုးမြတ်သူဇာ၊ စံရတီမိုးမြင့် တို့နဲ့ ဇာတ် ကား ရိုက် ကူးနေ ကြောင်း သိရပါ တယ်။
  
 ထူးထူး/popularmyanmar

No comments:

Post a Comment