23 February 2014

Nintendo Wii ဂိမ်းလက်ကိုင်ခလုတ်ကို ရဲက တကယ့်သေနတ်ထင်ပြီး ပစ်သတ်ခံခဲ့ရတဲ့ ဆယ်ကျော်သက်

အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်ချာတိတ် Christopher Roupe ဟာ လွန်ခဲ့တဲ့  နှစ်ရက်က နေအိမ်မှာ တင် ရဲဝန်ထမ်းတစ်ယောက်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

ခရစ်စတိုဖာရဲ့ အဖေ ကို အကြမ်းဖက်မှုဝရမ်းနဲ့ ရဲဝန်ထမ်းတွေက လာရောက်ဖမ်းဆီးတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ခရစ်စတိုဖာ က တံခါးဖွင့်ပေးပြီး သူတို့ ကို ၀င်ခွင့်ပြုလိုက်တဲ့အခါမှာ ရဲဝန်ထမ်းတစ်ယောက်က ခရစ်စတိုဖာရဲ့ ဗိုက်ကို  သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ရဲတွေကတော့ ခရစ်စတိုဖာဟာ သေနတ်တစ်နတ်တစ်လက် ကိုင်ဆောင်ထားတယ်လို့ ငြင်းချက်ထုတ်ထားပေ မယ့် မျက်မြင်သက်သေတွေနဲ့ ခရစ်စတိုဖာရဲ့  မိသားစုကတော့ အဲဒါဟာ Wii ဂိမ်းအဝေးထိန်းလက်ကိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိသားစုရှေ့ နေ Cole Law က အမှုဖြစ်တဲ့နေရာမှာ ရှိတဲ့ မျက်မြင်သက်သေတွေက ကလေးဟာ လက်မှာ Wii  controller ကိုသာ ကိုင်ထားတာဖြစ်တယ်လို့ လျှောက်ထား ထားပါတယ်။

“ သူ တံခါးခေါက်သံကို ကြားတော့ ဘယ်သူလဲလို့ လှမ်းမေးသေးတယ်။ ဟိုဘက်က ဘာမှပြန်မဖြေတော့ သူတံခါးသွားဖွင့်ပေးတဲ့အချိန်မှာ ရင်ဘတ်ကို သေနတ်နဲ့ အပစ်ခံခဲ့ရတာပါ” လို့ Cole က ပြောပြပါတယ်။

ဒီ ပစ်ခတ်မှုဖြစ်ပွားပြီး အမှုဖြစ်ပွားရာနေရာမှာ လက်နက်တစ်ခုခုတွေ့ ရှိခဲ့တယ်ဆိုတာ အတည်ပြုပေးဖို့  ရဲတွေက ငြင်းဆန်ခဲ့ပါတယ်။  ဒီအဖြစ်အပျက်ဟာ Georgia ပြည်နယ်၊ Euharlee မြို့ မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ခရစ်စတိုဖာတို့ ရဲ့အိမ်နီးချင်း Tia Howard ဟာ ခရစ်စတိုဖာပစ်သတ်ခံရပြီး ချက်ချင်း အခင်းဖြစ်ပွားရာ နေရာကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ခရစ်စတိုဖာ လက်ထဲမှာ Wii အဝေးထိန်းခလုတ်ကို မြင်ခဲ့ရကြောင်း လည်း ထွက်ဆိုခဲ့ပါတယ်။ခရစ်စတိုဖာ သေနတ်ကိုင်ထားလို့ ပစ်လိုက်ရတာပါဆိုတဲ့ ရဲတွေဟာ သက်သေခံပစ္စည်းကို ထုတ်ပြဖို့  ငြင်းဆိုထားပါတယ်။ ဒီအမှုကို ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျုရိုကို လွှဲပြောင်းပေးထားပါတယ်။

ခရစ်စတိုဖာဟာ Woodland အထက်တန်းကျောင်းမှာ တက်ရောက်နေသူဖြစ်ပြီး ကျောင်းရဲ့ အရာရှိလေ့ကျင့်ရေး သင်တန်းအစီအစဉ်မှာ ပါဝင်လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။

ခရစ်စတိုဖာကို သေအောင်ပစ်ခဲ့သူ ရဲဝန်ထမ်းကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေချိန်မှာ ရာထူးက ရပ်ဆိုင်ထားတယ်လို့ သိရပါတယ်။ ခရစ်စတိုဖာရဲ့ အသုဘကို အခုတနင်္ဂနွေမှာ ပြုလုပ်မှာဖြစ်ပါတယ်။

Ref: mirror
Trend Myanmar

No comments:

Post a Comment