24 February 2014

အနုပညာ အလုပ်တွေ လုပ်ဆောင်ဖို့ အမေရိကက ပြန်ရောက်လာပြီဖြစ်တဲ့ နိုင်းနိုင်း

စတုတ္ထရင်သွေးလေးကို အမေရိကမှာ အောင်မြင်စွာမွေးဖွားခဲ့ပြီးတဲ့ နောက် မှာတော့ နိုင်းနိုင်းကဇနီးနဲ့ သားသမီးများကို ခေတ္တခွဲခွာပြီး ဖေ ဖော်ဝါရီ၁၉ရက်နေ့ က မြန် မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါ တယ်။စတုတ္ထမြောက်သမီးလေးEmereece Cho Latt ကိုမွေးဖွားခဲ့တုန်းက ပီတိဖြစ်ခဲ့ရပုံကို နိုင်းနိုင်းက “ပျော်ပါ တယ်။
ဘာပဲဖြစ်ဖြစ်ကျန်းမာရေးကောင်း ဖို့ကအဓိကပဲ လေ။ မွေးခါနီးတုန်းက စန္ဒီ့အနားမှာကျွန်တော်ရော၊ ဆရာ ဝန်မတွေရော ရှိနေတာပေါ့။သူ့ကို တောင်ပြော လိုက်သေး တယ်။ငိုပြီးမမွေးနဲ့ရယ်ပြီးမွေးလို့နောက်နေသေးတယ်။ သူများတွေ ဆိုရင်ငိုကြတယ်လေ။ အဲဒါကြောင့် ရယ်ပြီးမွေးရ အောင် ဆိုပြီးနောက်နေကြတာ။မွေးခါနီးမှာ ပထမေ တာ့ ဘေးနားမှာ ပရိတ်တရားလေး ဖွင့်ပေးထားတယ်။နောက်တော့ စိတ်ပျော်ပြီး မနူထေဖြစ်အောင်လို့ သီချင်းဖွင့်ပေးလိုက် တယ်။ပထမဆုံးကလေး မွေးတုန်း ကလောက်   တော့သူ တအား မခံစားရဘူး။
နာတော့နာ မှာပေါ့။ကလေးတစ်ယောက် လုံးမွေးရတာ လွယ်တော့ မလွယ်ဘူးပေါ့” လို့ပြောပါတယ်။ကလေးလေးယောက်နဲ့အမေရိကမှာ ကျန်ခဲ့တဲ့စန္ဒီချိုကကလေးတွေငယ်သေးတဲ့အတွက် ကျောင်းပြန်မတက်နိုင်သေးဘဲ နောက်တစ် ခေါက်ကျောင်းဖွင့်ရက်မှ ပြန်တက်မှာဖြစ် ကြောင်း သိရပါတယ်။ သမီးကြီး Floreece Cho LattuPre School  ပြီးသွားတာ ကြောင့်မူလတန်းစတက်တော့မှာဖြစ် ပြီး သားလတ်Anderson Cho Latt  ကတော့ Pre School စတက်တော့မြှာ ဖစ်တယ်လို့ သိ ရပါတယ်။နိုင်းနိုင်းကအနုပညာအလုပ်တွေကို ပြန် လည်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ခိုင်ဝေလွင်
popularmyanmar

No comments:

Post a Comment