၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊
စေတုတ္တရာမြို့၊ အမှတ်(၁)စံပြရပ်ကွက် အတွင်း ယာဉ်တိုက်မှုဖြစ်ပွားကြောင်း
သတင်းအရ စေတုတ္တရာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ စေတုတ္တရာမြို့၊ အမှတ်(၁) စံပြရပ်ကွက်နေ
သီဟစိုး(ခ)သားစိုး(၂၀)နှစ်သည် ၎င်းမောင်းနှင်သည့် ၁က/××××× အီဇူးဇူး အဝါရောင်
(၆)ဘီးယာဉ်အား နောက်ဆုတ်မောင်းနှင်စဉ် လမ်းဖြတ်ကူးလာသည့် တစ်ရပ်ကွက်တည်းနေ
မောင်ဇေယျာလွင် (၅)နှစ်အား ယာဉ်၏ ယာဘက်နောက်ဘီးဖြင့် ကြိတ်မိ၍
မောင်ဇေယျာလွင်မှာ ဦးခေါင်းဝဲ/ ယာချိုစောင်း ပေါက်ပြဲကြေမွ၊ ဦးနှောက်ထွက်
ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း သိရှိရသဖြင့်
သီဟစိုး(ခ)သားစိုးအား စေတုတ္တရာမြို့မ ရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ
၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar
No comments:
Post a Comment