26 February 2014
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဂရိကလပ်ကိုရှုံးခဲ့တဲ့ မန်ယူ၏ ခြေစွမ်းသည် ဥရောပပွဲများထဲတွင် အညံ့ဆုံးဟု မိုယက်ဆို
ယနေ့ ဂရိချန်ပီယံ ကလပ် အိုလံပီယာကောစ့်၏ အိမ်ကွင်း မှာကစားခဲ့တဲ့ ချန်ပီယံလိဒ် ကွာတားဖိုင်နယ် ပထမ အကျော့မှာ(2-0) ဖြင့် ရှုံး နိမ့် အပြီး ဒေးဗစ်မိုရက်စ်က "မန်ချက်စတာ ယူနိုက်တက် ရင်ဆိုင်ခဲ့ဖူးတဲ့ ဥရောပ ပြိုင်ပွဲတွေ ထဲမှာ ဒီနေ့ပွဲက အဆိုးရွားဆုံးပါ" လို့ ပြောဆို သွားခဲ့ပါတယ်။
"တော်တော် ဆိုးရွားတဲ့ အားထုတ်မှု့ပါ၊ အဲ့ဒီလောက်ထိ ခြေစွမ်း ဆိုးရွားတာမျိုး မတွေ့ဖူးဘူး၊ဒီနေ့ပွဲဟာ ကျွန်တော်တို့ ကစားခဲ့တဲ့ ဥရောပ ပွဲတွေထဲက အဆိုးရွား ဆုံး ပွဲလို့တောင် ပြောရမှာပါ။ ဘာတခုနဲ့မှ ထိုက်တန်မှု့ မရှိခဲ့ဘူး"
"တကယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဒီပွဲကို ရင်ဆိုင်ဖို့ သေခြာပြင်ဆင်ပြီး လာခဲ့တာ ဖြစ်သလို စိတ်ဓါတ်အင်အားကလဲ အတော်ကောင်းနေတဲ့ အနေ အထား တရပ်နဲ့ပါ။ ဒါပေမယ့် ပြိုင်ပွဲ အတွင်းမှာ ဒါတွေ အားလုံး တခုမှ ထွက်မလာနိုင် ခဲ့တော့ပါဘူး"
"အရိုးသားဆုံး ပြောရင် ဘယ်လိုနည်းနဲ့ နှစ်ဂိုး ပေးလိုက်ရတယ် ဆိုတာတောင် အခုချိန်ထိ ကျွန်တော် စဉ်းစားလို့ကို မရဘူး၊ ဒါပေမယ့် ကိုယ့်ဘက်ကလည်း တစ်လုံးမှ သွင်းယူနိုင်ခဲ့တာမျိုးမှ မဟုတ်တာပဲလေ"
"ဘာပဲဖြစ်ဖြစ် နောက်တစ်ပွဲ အတွက် မျှော်လင့်ချက် အပြည့်ထည့်ထားရုံပေါ့။ အိုးထရတ်ဖိုဒ့်မှာ အောင်ပွဲခံ ခဲ့ဖူးတဲ့ ညတွေ ရှိခဲ့ဖူးပါတယ်၊ ကျွန်တော် တာဝန်ယူပါတယ် ဒီအသင်းဟာ ကျွန်တော့် အသင်းပါ၊ အကောင်းဆုံး ဆက်ပြီး ရင်ဆိုင်သွားပါ့မယ်" ဟု မန်ယူနည်းပြ ဒေးဗစ်မိုရက်စ်က ပွဲအပြီးတွင် ပြောဆိုသွားခဲ့သည်။
ဂရိကလပ်ကို နှစ်ဂိုးပြတ်အရှုံးကြောင့် မန်ချက်စတာ ယူနိုက်တက်သည် နောက်တဆင့်အတွက် ရုန်းကန် ရတော့မှာလည်း ဖြစ်ပါတယ်။
By Football Cafe
newmyanmarpyi
No comments:
Post a Comment