20 February 2014

ပီနံအိတ်ခွံများဖြင့် ထုတ်ထားသော လူသေအလောင်း(၁)လောင်းတွေ့ရှိ

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့ (၁၀၃၀)အချိန်ခန့်တွင် တရားလိုသည် ရဲစခန်း၌ရှိနေစဉ် သုံးဆယ်ဆည် ရဲကင်းမှူး ဒုရဲအုပ်အုန်းခိုင် မှ သုံးဆယ်ဆည်အတွင်းရှိ ရေအောက်ချောင်းဖျားရေစပ်တွင် ပီနံအိတ်ခွံများဖြင့် ထုတ်လျှက် လူသေအလောင်း(၁)လောင်းတွေ့ရှိကြောင်း ဖုန်းဖြင့်အကြောင်းကြားချက်အရ သွားရောက်စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ ကံရွာသစ်ရွာစခန်းကြီးအုပ်စုနေ ပေါက်စဖြစ်ကြောင်းစုံစမ်းသိရှိရပြီး ၎င်း၌ဝဲဘက် နို့အုံထိုးသွင်း ဒဏ်ရာ(၃)ချက်၊ ဝဲနှုတ်ခမ်း ဘေးထိုးသွင်း ဒဏ်ရာ(၁)ချက်၊ လည်ပင်းဝဲဘက်ထိုးသွင်း(၂)ချက်တို့ဖြင့် သေဆုံးနေ သည်ကို စစ်ဆေးတွေ့ရှိရပြီး ပြစ်မှုကျူးလွန်သူများမှာ အခင်းဖြစ်ချိန်မှစ၍ ထွက်ပြေးသွားသဖြင့် တရားခံအား စုံစမ်း ဖမ်းဆီးအရေးယူနိုင်ရေး စခန်းမှူး ရဲမှူးသိန်းထွန်းမှ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့ (၁၈၃၀)အချိန်တွင် တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment