ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ကျေးရွာများတွင်
မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုများ၌ ရဲနှင့် စစ်တပ်များကိုယ်တိုင်
ပါဝင်ပက်သက်မှုများရှိနေကြောင်း သိရှိရသည်။
အင်းတော်ကြီးဒေသရှိ ကျေးရွာပေါင်း ၃၁ ရွာအနက် မိုင်းနောင်၊ ညောင်ပင်၊
မပြင်၊ နမ့်ပတဲ၊ ကုမ္မန၊ နမ့်မွန်း၊ လုံးတုံ၊ ချောင်းဝ၊ လောဆွန့်(မှန်ကင်း)
စတဲ့ကျေးရွာတွေမှာ မူးယစ်ဆေးဝါးများကို အဓိကရောင်းဝယ်ဖြန့်ဖြူးနေပြီး၊
အချို့ရွာများတွင်လည်း အနည်းနှင့်အများ ရောင်းဝယ်မှုများရှိနေပါတယ်၊
အဆိုဆုံးကတော့ ညောင်ပင်ကျေးရွာ၊ ရပ်ကွက် (၇) တွင် မူးယစ်ဆေးဝါးကို
ဟင်းရွက်ကန်းစွန်းကဲ့သို့ ရောင်းချနေခြင်းပင်ဖြစ်တယ်၊ အင်းတော်ကြီးဒေသရှိ
အရွယ်စုံ လူဝတ်ကြောင်းနှင့် ရဟန်းတော်များပါမကျန် မူးယစ်ဆေးဝါးရဲ့
သားကောင်းများ ဖြစ်နေရပြီး တဖြုတ်ဖြုတ်နှင့် ကြွေလွင့်နေကြပါတယ်၊
မူးယစ်ဆေးဝါးများကို အင်းတော်ကြီးဒေသရှိ ရဲနှင့်စစ်တပ်များကိုယ်တိုင်
စီးပွားရေးလောဘသားကောင်များနှင့် ပူးပေါင်းကာ လာဘ်ပေးလာဘ်ယူပြုလုပ်ပြီး
ရောင်းဝယ်ဖြန့်ဖြူးနေပါတယ်လို့ မိုးညင်းမြို့နယ်မှ NLD အဖွဲ့ဝင်တစ်ဦးက
ပြောဆိုပါသည်။
မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးဒေသတွင် ၁။ နမ့်မွန်း
၂။ဆနွင်းကုန်း/ဟင်္သာ ၃။ဟဲပါး ၄။ဟဲပု ၅။နတ်မောက်ကန် ၆။လုံးစန့်
ရ။ရွာသစ်/မန်မောင် ၈။မနခေါ ၉။တုံစံခ ၁၀။ချောင်းဝ ၁၁။လွဲပေါ
၁၂။လောဆွန့်/မှန်ကင်း ၁၃။ အိုက်လေးတူ ၁၄။ပန်းလား ၁၅။မပြင်
၁၆။ဝေဖာဆေ/နားလတန်း ၁၇။လယ်ပုံလေး ၁၈။လက်ပံဆိပ် ၁၉။မိုင်းနောင် ၂၀။မမုံကိုင်
၂၁။လုံးတုံ ၂၂။ ဟဲပံ ၂၃။မိုင်းပုပ် ၂၄။ကုန်းမန ၂၅။လုံးကောက်
၂၆။နမ့်ဖောင်းစင် ၂၇။နမ့်ပတဲ ၂၈။လွှဲမွန် ၂၉။နမ့်မီးလောင် ၃၀။နမ့်တောင်းဆယ်
၃၁။ညောင်ပင်ဆိုတဲ့ ကျေးရွာပေါင်း ၃၁ ရွာရှိကာ
တိုင်းလျန်(ရှမ်းနီ)လူမျိုးများသည် ရှေးဘိုးဘွားအစဉ်အဆက်မှစ၍
တောင်ယာ၊လယ်ယာနှင့် တံငါလုပ်ငန်းများကို ရိုးသားစွာ လုပ်ကိုင်စားသောက်
နေထိုင်ကြပြီး ညောင်ပင်ကျေးရွာမှာ တပ်စခန်းတစ်ခုနဲ့ လုံးတုံကျေးရွာမှာ
ရဲစခန်းနှင့် စစ်တပ်စခန်းတစ်ခုစီ ရှိကြတာလည်း ဖြစ်ပါသည်။
ဧရာဝတီမြစ်ဖျားဆီက
No comments:
Post a Comment