မြောက်ဥက္ကလာပမြို့နယ်၊ (က) ရပ်ကွက်၊ နွယ်သာကီ (၃) လမ်း၌ ယနေ့နံနက် (၀၅း၀၅)
နာရီအချိန်တွင် မသေးသေး (ခ) မခင်စု၏ နေအိမ်မှ ထင်းမီးဖိုဖြင့်
မုန့်ဟင်းခါးချက်ရာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာတွင် မီးသတ်ယာဉ် (၂၆) စီး၊ ကွပ်ကဲမှုယာဉ် (၃) စီး၊
အထောက်အကူပြုယာဉ် (၄) စီး၊ မီးသတ်စက်ယာဉ် (၁) စီး၊ စုစုပေါင်း (၃၄)
စီးဖြင့် လာရောက် ငြိမ်းသတ်ရာ နံနက် (၀၅း၃၅) အချိန်တွင် မီးငြိမ်းသွားပြီး
ယင်းမီးလောင်ကျွမ်းမှုကြောင့် ပျဉ်ထောင်အိမ် (၆) အိမ် တိုက်အိမ် (၁) အိမ်
လောင်ကျွမ်းပြီး ဆုံးရှူံးမှု တန်ဖိုး သိန်း (၃၀) ဖြစ်ကြောင်း
သတင်းရရှိပါသည်။
MOI Webportal Myanmar
No comments:
Post a Comment