18 February 2014

တားဆီးချုပ်နှောင်ကာ ပြည့်တန်ဆာလုပ်ခိုင်းမှုကိုစစ်ဆေး

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တားဆီးချုပ်နှောင်ကာ ပြည့်တန်ဆာအဖြစ်စေခိုင်းခဲ့သည်ဆိုသူကို
အရေးယူပေးရန်တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ ည ၁၂
နာရီ ၁၀ အချိန်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက
သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က
မိဘအုပ်ထိန်းမှုအောက်ရှိ အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူ နေအိမ်မှ ပျောက်သွားပြီး
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နေအိမ်သို့ ပြန်ရောက်ခဲ့ သဖြင့် မေးမြန်းခဲ့
ကြောင်း၊ သမီးဖြစ်သူကို တစ်ရပ်ကွက်တည်းနေ မသဲသဲ(၂၀ နှစ်)က အထည်ချုပ်စက်ရုံတွင်
အလုပ်ရမည်ဟုပြောဆိုကာ စည်းရုံးခဲ့သဖြင့် လိုက်ပါသွားခဲ့ကြောင်း၊ ဗိုလ်တစ်ထောင်ဘုရား
သို့ရောက်ရှိပြီး သဲသဲက အသက်က ၄၀ အရွယ် ဦးဝင်းနိုင်အား လမ်းဘေးဖုန်း ဖြင့် ဆက်သွယ်
ခေါ်ယူသဖြင့် ကားနှင့်အတူရောက်ရှိလိုက်ပါလာခဲ့ကြောင်း အထပ်(၈)ထပ် တိုက် ခန်း ငါးလွှာတွင်
တိုက်ခန်းသော့ပိတ်ခံရကြောင်း၊ အဆိုပါနေရာတွင် လွန်ခဲ့သော ၂၀ ရက်ခန့်ကပျောက်သွားခဲ့သည့် ညီမ၀မ်းကွဲတော်စပ်သူ နှင့်တွေ့ခဲ့ပြီး ပြည့်တန်ဆာအဖြစ်အဓမ္မ စေခိုင်းခဲ့ကြောင်း၊ဦးဝင်းနိုင်မှ ၎င်း၏
ကားဖြင့် ပြည့်တန်ဆာ လုပ် ကိုင်ရန် တည်းခိုးခန်းများသို့ လှည့်လည်ပို့ဆောင်ခဲ့ကြောင်း ထိုသို့ပို့
ဆောင်စဉ် အရေးပေါ် ထွက်ပေါက်မှ ထွက်ပြေးခဲ့ ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်
တိုင်ကြားခဲ့သည်။ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက (ပ)၅၆/၁၄ ပြစ်မှုပုဒ်မ ၃၇၂/၃၄၁/၁၁၄ အရ အမှုဖွင့်
အရေးယူထားကြောင်း သိရသည်။


By mmtimes


No comments:

Post a Comment