26 February 2014

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်တဲ့ ပရိသတ် ကြိုက်ဖို့ ‘ပြန်ပေး’ ဇာတ်ကား ရိုက်ကွင်း

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က “ပြန်ပေး” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို ရန်အောင် ၊လူမင်း၊ ခန့်စည် သူ၊ ခိုင်သင်းကြည်၊ မိုးဟေကို တို့နဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ကား ကို ဆည်ပေါက်ရွာ မှာ သွားရောက်ရိုက်  ကူးနေတာာ ဖြစ်ပြီး သုံးဇာတ်ကား ရိုက်ကူးခဲ့တဲ့ နေရာ လည်းဖြစ်ပါတယ်။ ဟာသ သိပ်မရိုက်တဲ့ လူမင်းနဲ့ တွဲ မရိုက်ဖူး တဲ့ ခန့်စည်သူ တို့ရဲ့ သရုပ်ဆောင်မှုကို ရိုက် ကူးနေတာကြောင့် ပရိသတ် အတွက် ထူးခြားမှုဖြစ်စေ မှာပါ ဆိုတဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က “ဒီဆည် ပေါက်မှာ ကရိုက် ရတာလည်း အဆင်ပြေတယ်။ ရုပ်ရှင် သမားတွေရဲ့ အထာကိုလည်း သိပြီးသားဖြစ်တယ်။ အညာဒေသ ဖြစ်တဲ့အတွက် သူတို့ရဲ့ အိမ်ခြံအဝန်း အဝိုင်းတွေက သန့်ရှင်း သပ်ရပ်တယ်။ ရှု ခင်းတွေက တော့ “ဥ” ဇာတ်ကား တုန်းကနဲ့ ပုံစံတွေ နဲ့ မတူအောင် ရိုက်ရတာပေါ့။
ဆရာ သော်တာဆွေ ရဲ့ဝတ္ထုတို ၅ခု ကို စုပြီးတော့ ဇာတ် လမ်း တစ်ခု လုပ်လိုက်တာပါ။ ဒီကား မှာ ထူးခြားမှုက ကို လူမင်းနဲ့ ကိုခန့်က မဆုံဖူးကြဘူး။ အဲဒါကြောင့် ပုံသဏ္ဌာန် တစ်မျိုးတော့ ကွဲသွားမှာပါ။ ကိုလူမင်း ကလည်း ဟာသ ရိုက် တာ မရှိဘူးလေ။ အဲ ဒါကြောင့် တမင်သက်သက် စမ်းသပ် ပြီး ရိုက်တာပါ။ ကျွန်တော့် ရဲ့ရှေ့က အတွေ့အကြုံတွေ နဲ့ အားလုံးပြင် ဆင်ပြီးတော့ ရိုက်တာပါ။ ဟာသ ကားလေးပါပဲ”လို့ ပြောပြပါတယ်။
ဇာတ်ကား ရိုက်ကူးတိုင်း တခြား မျှော်လင့်ချက်တွေ ထက် ပရိသတ် ကြိုက်ဖို့ အတွက်ကိုပဲ အဓိက မျှော် လင့်တယ် ဆိုတာကြောင့် “အကယ်ဒမီ မျှော်လင့်ချက် ရယ် လို့ မထားပါဘူး။ ဘယ်ကားမဆို ပရိသတ် ကြိုက်ဖို့ဆိုတဲ့ မျှော်လင့်ချက် ပဲထားပါတယ်။ ပရိသတ် တွေ စိတ်ချမ်းသာပျော်ရွှင်စေဖို့ အတွက် ပဲရည်ရွယ်ပါတယ်။ တခြား ဘာမှမရှိပါ ဘူး။ ကျွန်တော်က စိတ်ညစ်စရာ ရှိရင် လည်း အကြာကြီး သိမ်းမထားတတ်ဘူး။ အဲဒါကြောင့် နေ့တိုင်းကို ပျော်ပျော်ရွှင်ရွှင် ပဲဖြစ်ချင် တယ်” လို့ပြောပြ ခဲ့ပါတယ်။
မေမွန်မောင်/popularmyanmar

No comments:

Post a Comment