21 February 2014

သင်ဇာဝင့်ကျော်ပြောတဲ့ သူမရဲ့အလှအပရေးရာ

အနုပညာရှင်တွေထဲမှာ အပြောင်းအလဲတွေ လုပ်ရတာ နှစ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားအာရုံစိုက်မှုကို ရရှိထားတဲ့ သင်ဇာဝင့်ကျော်က သူမရဲ့အလှအပိုင်းဆိုင်ရာ၊ ဆံပင်ပုံစံနဲ့ ပတ်သက်ပြီး ခုလိုဖွင့်ဟသွားပါတယ်။ ‘ဆံပင်ကတော့ ခု အရှည်ထားဖို့ ပြန်မွေးနေတယ်။ ဒါပေမဲ့ အတိုလေးလဲ ပြန်ထားချင်နေတယ်။ ဆံပင်ကို စမ်းချောင်းက Heart Ease မှာလုပ်ဖြစ်တယ်။ ခြေဆုံးခေါင်းဆုံးပေါ့။ လုပ်ဖြစ်တယ်။ အသားအရေကတော့ UVပါတဲ့ Sun Cream လိမ်းတယ်။ နေပူထဲ ထွက်ရတော့မယ်ဆိုရင် အိမ်မှာရိုးရိုး Body Lotion လိမ်းပြီး နေပူထဲမထွက်ခင် UVပါတဲ့ဟာကို ထပ်လိမ်းတယ်။ ဘာပဲဖြစ်ဖြစ် အဲဒါလေးပါတော့ အောက်ကအရေပြားကို သိပ်မထိခိုက်တော့ဘူးပေါ့။ နည်းနည်းသက်သာတာပေါ့။ သင်ဇာက Skin Care Missha ၊Make Up Channel  Two Way MAC သုံးဖြစ်နေတယ်။ နေပူထဲသွားမယ်ဆိုရင် မပါမဖြစ်ကတော့ UVပါတဲ့ဟာ၊ မျက်မှန်၊ ဦးထုပ်ပေါ့။ နွေရာသီ ရောက်တော့မယ်ဆိုရင် သင်္ကြန်ရောက်တော့မယ်ပေါ့။ ပျော်ပါတယ်။ ဒီနှစ်သင်္ကြန်က သင်ဇာရန်ကုန်မှာမရှိဘူး။ ဂျပန်ကို မိသားစုနဲ့သွားမယ်။ အပျော်ခရီးပါပဲ’ လို့ ဆိုသွားပါတယ်။

ခင်ဆွေသက်/ By Trend Myanmar

No comments:

Post a Comment