၂၀.၂.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ရွှေဇမ္ဗူဒိပ်ဆောက်လုပ်ရေးကုမ္ပဏီရုံးခန်းရှိ
ငွေထည့်ဘီဒိုအတွင်း ကုမ္ပဏီပိုင်ငွေကျပ်(၁၀)သိန်းအား သော့ခတ်
သိမ်းထားခဲ့ရာ ၂၁.၂.၂၀၁၄ရက်နေ့ ၀၈၃၀အချိန်တွင် ရုံးခန်းအ၀င်တံခါး၊ အတွင်းခန်းအ၀င်တံခါးနှင့် ငွေထည့်ဘီဒိုသော့များ ပျက်စီးမှုမရှိဘဲ
ငွေကျပ်(၁၀)သိန်းအနက်(၈)သိန်းကျပ်မှာပျောက်ဆုံးနေ၍ ခိုးယူသူအား
ဖော်ထုတ်အရေးယူပေးရန် ကုမ္ပဏီလက်ထောက်ထွေထွေမန်နေဂျာ ဦးဌေးဇော်မှတိုင်တန်းသဖြင့် အလုံမြို့မရဲစခန်း(ပ) ၅၁/၂၀၁၄၊
ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ပြီး တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး
စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အလုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမှုမှတရားခံအား
ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ
၂၀.၂.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် အခင်းဖြစ်ကုမ္ပဏီရုံးခန်းသို့
အဆိုပါကုမ္ပဏီ၏ ဆောက်လုပ်ရေးဆိုဒ်မန်နေဂျာ မင်းမင်းဟိန်းမှာ
လာရောက်ခဲ့ကြောင်းနှင့် ၎င်းအားမသင်္ကာဖွယ်အထောက်အထားများ
တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာမှ ၎င်းတွင်ရှိနေသော သော့များကို အသုံးပြုဝင်ရောက်ကာ ငွေထည့်ဘီဒိုအတွင်းမှငွေကျပ်(၈)သိန်းအားခိုးယူ
ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပါသည်။
ထိုသို့ပေါ်ပေါက်သဖြင့် မင်းမင်းဟိန်းထံမှ ခိုးယူရရှိသောငွေများဖြင့် ၀ယ်ယူထားသော တက်ပလက်(၁)လုံး၊ လက်ဆွဲအိတ်(၁)လုံး၊
ကျောပိုးအိတ်(၁)လုံးနှင့် ကျန်ငွေ(၅၁၁၀၀၀)ကျပ်၊ ခိုယူရာတွင်အသုံးပြု
ခဲ့သည့် သော့(၅)ချောင်းတို့အား ပြန်လည်သိမ်းဆည်းခဲ့ကာ အမှုဖြင့်
ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment