20 February 2014

ကိုရီးယား နှစ်နိုင်ငံ ကွဲကွာမိသားစုများ တွေ့ဆုံခွင့်ရပြီ

ကိုရီးယား စစ်ပွဲ (၁၉၅၀-၁၉၅၃) အတွင်း ကွဲကွာခဲ့တဲ့ မိသားစုတွေ ဒီနေ့ တွေ့ဆုံခွင့်ရပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ တောင်ကိုရီးယားကနေ မိသားစုဝင်တွေနဲ့အတူ ထွက်ခွာလာတဲ့ သက်ကြီးရွယ်အို ၈၂ ဦး မြောက်ကိုရီးယားဘက် အခြမ်းကို ရောက်ရှိပြီ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ပထမအသုတ် မိသားစုတွေ့ဆုံမှုက ဖေဖော်ဝါရီ ၂၀ ရက်နေ့ကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ဖြစ်ပါတယ်။ နောက်တသုတ်ကတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဖြစ်ပါတယ်။

မြောက်ကိုရီးယားသား ၈၈ ဦးဟာ တောင်ကိုရီးယားဘက်အခြမ်းက ကမ်ဂန်းတောင်ပေါ် ဥယျာဉ်စခန်းမှာ ဆွေမျိုးသားချင်း ၃၆၁ ဦးနဲ့ တွေ့ဆုံကြမယ့် အစီအစဉ်ဖြစ်ပါတယ်။
အရင်တုန်းက မိသားစု ပြန်လည်တွေ့ဆုံတဲ့ အစီအစဉ်ကို နှစ်စဉ် ခွင့်ပြုခဲ့ပေမယ့် နှစ်နိုင်ငံဆက်ဆံရေး အဆင်မပြေလို့ အစီအစဉ်ကို ရပ်ဆိုင်းထားခဲ့တာ သုံးနှစ်ရှိပါပြီ။

By

No comments:

Post a Comment