20 February 2014

နန်းသူဇာ ပထမဆုံး ဆိုထားတဲ့ သင်္ကြန်သီချင်း

Hello Music Thingyan အခွေ မှာ နန်းသူဇာက အိမ့်ချစ်နဲ့ အတူ သင်္ကြန် သီချင်းတစ်ပုဒ် ပါဝင် သီဆိုထားပါတယ်။ သင်္ကြန်သီချင်း အနေနဲ့ ပထမဆုံး ဆိုဖြစ်တာ ပါလို့ ဆိုတဲ့ နန်းသူဇာရဲ့ သင်္ကြန်ဖီလင်က…
“ဒီအခွေလေးမှာ နန်းသူဇာက ရက်ပ်လို့ ပြောရမှာပေါ့။ အိမ့်ချစ်နဲ့ ပေါင်းပြီးတော့ ကိုယုန် လေးနဲ့ ကျော်ထွဋ်ဆွေ နဲ့ ရေးပေးထားတဲ့ သီချင်း လေးပါ။ အဲဒီမှာ ရက်ပ်ဆို ထားတာပေါ့။ သင်္ကြန် သီချင်းအနေနဲ့က နန်းသူဇာ ပထမဆုံး ဆိုဖြစ် တာပါ။ သင်္ကြန်မှာ ကျတော့ စာသားတွေက ဒီစာ သားတွေပဲ။ အဲဒါကိုမှ မရိုးအောင်  ပြန်လုပ်ရ တာပေါ့။ သင်္ကြန် သီချင်း ဆိုလိုက်တာနဲ့ သင်္ကြန် ပြန်ရောက်သွားသလို ခံ စားရပါတယ်”လို့ ပြောပါတယ်။ မကြာခင် အချိန် မှာလည်း မဟာသင်္ကြန် အချိန် အခါ ကျရောက် ဖို့ သိပ်မလိုတော့ တဲ့အတွက် နန်းသူဇာကို ဒီနှစ် သင်္ကြန် နဲ့ပတ်သက်ပြီး ဘာတွေ အစီအစဉ် ရှိမလဲ မေးကြည့်တဲ့အခါ..

“မနှစ်ကတော့ Sky Net တို့၊ 69.4 တို့မှာရှိတယ်။ ဒီနှစ်လည်း ရန်ကုန်မှာ ပဲရှိမှာပါ။ ဒီနှစ် ပိုပူမယ်လို့ ထင်တယ်။ အဲဒါကိုကြောက်တယ်။ ဘာပဲဖြစ်ဖြစ် သင်္ကြန်မှာတော့ အားလုံးပျော်ကြတာ ပါပဲ။ နန်းသူဇာလည်း အလုပ်နဲ့ ဒါမှ မဟုတ် သူငယ်ချင်းတွေ နဲ့ ရှိမှာပါ။ ဒီနှစ် သင်္ကြန်မှာ ဘေးမသီ၊ ရန်မခဘဲ အားလုံး ပျော်နိုင်ကြပါစေ။ ပြီးတော့ ကုသိုလ် လည်းလုပ်ကြပါ” လို့ နန်းသူ ဇာက ပြောပါတယ်။ နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်း တို့နှစ်ယောက်ရဲ့ “Friend” အခွေရဲ့ အမ်တီဗီ နဲ့ပတ် သက်ပြီးလည်း နန်းသူဇာ က..
“အစကတော့ သင်္ကြန်မတိုင်ခင် အမီထွက်နိုင်ဖို့ လုပ်ထားတာ။ ဒါပေမဲ့ မမီတော့ဘူး ။ဒီနှစ်ထဲမှာတော့ ရအောင် ထွက်မှာပါ” လို့ပြောပါတယ်။ နန်းသူဇာ တို့ အဆိုတော် ၆ ယောက်ရဲ့Let’s Go အစီအစဉ် အတွက်လည်း မတ်လ ထဲမှာ ပုဂံ၊ ညောင်ဦးခရီးစဉ် ရိုက်ကူး သွားမှာဖြစ်ကြောင်း နန်းသူဇာက ပြော ပါတယ်။
မျိုးမောင်/popularmyanmar

No comments:

Post a Comment