24 February 2014

အိပ်နေစဉ် တောဆင်ရိုင်းနင်း၍ သေဆုံးခဲ့ရသည့် အသက် ၆၀ ကျော်အဘိုးအို၏ ၀မ်းနည်းဖွယ်ဖြစ်ရပ်

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၃ နာရီအချိန်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောရွာ၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ်(၉၂/၂-၃)ကြား၊ ကားလမ်းဘေးငှက်ပျောခြံနေ ဦးဖိုးစိန်(၆၆)နှစ်သည် ငှက်ပျောခြံတွင်အိပ်နေစဉ် တောဆင်ရိုင်းတစ်ကောင်မှ နင်းသတ်ခဲ့သဖြင့် ခန္ဓာကိုယ်ပိပြား၍ သေဆုံးသွားသည်ကို အဆိုပါခြံနှင့် ကိုက်(၅၀)ခန့် အကွာရှိ တဲနီးချင်းနေ ကျော်ဦး(၃၅)နှစ်မှ တွေ့မြင်၍ ချိန်းဆောစက်အားနှိုးပြီး ခြောက်လှန့်မောင်းထုတ်ခဲ့ရာ တောဆင်ရိုင်းမှာ ထွက်ပြေးသွားခဲ့သည်။ ၎င်းနောက် ကျော်ဦးမှ ရဲစခန်းသို့ အကြောင်းကြားသဖြင့် အုတ်တွင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး ဦးဖိုးစိန် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးရန် အုတ်တွင်းမြို့မရဲစခန်း သေမှုသေခင်း(၁/၂၀၁၄) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
By ရဲဇာနည်

                 အားလုံးပဲအဆင်ပြေပါစေဗျာ..အသစ်တစ်ဖန်မွေးဖွားခြင်းဘလော့လေးကို 
                                   လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်
                                           http://gyizaw.blogspot.com/

No comments:

Post a Comment