19 February 2014

ရေသန့်ဘူးအတွင်းရှိ အက်စစ်သောက်မိသူသေဆုံး

အသက် ၂၃ နှစ် အရွယ် အမျိုးသားတစ်ဦး အက်စစ်သောက်မိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ဖေဖော်ဝါရီ ၁၇ ရက် နံနက်က သေဆုံးသွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်ထားသည်။
သေဆုံးသူသည် တွံတေးမြို့နယ် ခလုတ်ကျေးရွာတွင် နေထိုင်သည့် ကျော်စိုး (၂၃)နှစ်ဖြစ်ပြီး၊ စိတ်ပေါ့သွပ်နေ သူတစ်ဦး ဖြစ်သည်။
၎င်းသည် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁နာရီက နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် ဘက်ထရီအိုးသုံးရန် အတွက် ရေသန့်ဘူးဖြင့် ထည့်ထားသော အက်စစ်များကို သောက်သုံးမိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ ကုသနေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးမေးမြန်းချက်အရ သိရှိထားသည်။

ထိုကြောင့် အလောင်းကို တွံတေးဆေးရုံသို့ ပြန်လည်ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးသွားခဲ့ခြင်း ဟုတ် မဟုတ် ဆက်လက်စစ်ဆေးပေးရန် ဒု-ရဲအုပ်သိန်းဇော်ဦးက တရားလိုပြုလုပ်တိုင်တန်းထားသည်။
ယင်းတိုင်တန်းမှုကို တွံတေးရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး စခန်းမှူးဖြစ်သူ ဒု-ရဲမှူးသန်းတင့်က ဆက်လက်စစ်ဆေးလျက်ရှိသည်။

 ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment