ဗြိတိန်မင်းသား ၀ီလီယံနဲ့ ဟယ်ရီတို့ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က
ရေလွှမ်းမိုးခံနေရတဲ့ လန်ဒန်မြို့နားက ဘတ်ရှိုင်းယားရွာကို သွားရောက်ပြီး
ရေဘေးကယ်ဆယ်ရေးတွေ သွားရောက်လုပ်ကိုင်ခဲ့ကြပါတယ်။
ဗြိတိန်
တော်ဝင်ညီအကို နှစ်ယောက်လုံးဟာ ဗြိတိန်စစ်တပ်မှာ ကာလရှည်ကြာ
အမှုထမ်းနေကြပြီး ရေဘေးကယ်ဆယ်ရေး စစ်မှုထမ်းတွေနဲ့
သွားရောက်ကူညီရေးလုပ်ခဲ့တာပါ။ ညီအကိုနှစ်ယောက်လုံးဟာ သတင်းသမားတွေနဲ့
စကားပြောဆိုဖို့ ဆန္ဒမရှိခဲ့ကြဘူးလို့ ဆိုပါတယ်။
မင်းသားဝီလီယံက သတင်းသမားတွေကို ကင်မရာတွေ ကိုင်ထားမှာထက်
လာပြီးကူညီသင့် တယ်လို့ ပြောကြားခဲ့ပါတယ်။ မင်းသားဟယ်ရီကလည်း
သတင်းထောက်တွေရှိတာ အဆင်မပြေဘူးလို့လည်း ပြောခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး
ရေလွှမ်းမိုးမှုကြုံနေပြီ နိုင်ငံ အနောက်တောင်ပိုင်းနဲ့
နိုင်ငံတောင်ပိုင်းက သိမ်းမြစ်တလျှောက်မှာ အဓိကရေလွှမ်းမိုးမှုတွေ
ဖြစ်ပွားနေတာပါ။
နိုင်ငံအနောက်တောင်ပိုင်းက ကျေးရွာတွေနဲ့ လန်ဒန်မြို့အနောက်ပိုင်း
ဘတ်ရှိုင်းယားဒေသတွေကို ထောက်ပံ့ဖို့ ငွေကြေးကိစ္စ ပူစရာမလိုဘူးလို့
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဖေဖော်ဝါရီ ၁၃ ရက်နေ့က
ပြောကြားခဲ့ပါတယ်။
ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ရာမှာ နှောင့်နှေးခဲ့တယ်လို့
ဝေဖန်ခံခဲ့ရတဲ့ ဗြိတိန်အစိုးရဟာ အခုတော့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ
အတွက် ဗြိတိန်စစ်သားတွေကို နေရာချထားပါတယ်။
By ဒီဗွီဘီ
No comments:
Post a Comment