၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် -၃ ပွဲစဉ်တစ်ပွဲအဖြစ်
ရန်ကုန်မြို့၊ အောင်ဆန်း ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ဇွဲကပင်နှင့်
ရတနာပုံအသင်းတို့၏ ပွဲစဉ်တွင် ဇွဲကပင်အသင်း က ပင်နယ်တီနှစ်ဂိုး ပေးရကာ
ရတနာပုံအသင်း အား ၂-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ကွင်းလယ်
ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များအား မကျေနပ် ၍ ဇွဲကပင်အသင်းပိုင်ရှင်
ဦးလှဌေးမှ ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်းအား ပွဲအပြီးတွင် ပါးရိုက်
ခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက် ၍ ဒိုင်ကော်မတီမှ စည်းကမ်းထိန်းသိမ်းရေးသို့
စာတင်သွားမည်ဖြစ်ပြီး ဒိုင်လူကြီး၏ ဆုံးဖြတ် ချက်မှာ မှန်ကန်ကြောင်း
ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က ပြောကြားသွားခဲ့သည်။ ထို့ နောက်
စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ကလည်း ယင်းဖြစ်ရပ်မှာ
မကြုံဘူးကြောင်းနှင့် စည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်ချမှတ်ရာတွင် လည်း
ယင်းကဲ့သို့ ဥပဒေမရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။
ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ်အား ဖေဖော်ဝါရီလ
၁၅ရက်နေ့တွင် ယှဉ် ပြိုင်ကစားခဲ့ပြီး ဇွဲကပင် ၁-၂ ရတနာပုံရလဒ် ဖြင့်
ပြီးဆုံးခဲ့သည်။ ယင်းပွဲစဉ်တွင် ဇွဲကပင် အသင်းက ဦးဆောင်ဂိုး
သွင်းယူခဲ့ပြီး ရတနာပုံ အသင်းက ပင်နယ်တီနှစ်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့
ခြင်း ဖြစ်သည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်လူကြီး ၏ ဆုံးဖြတ်ချက်အား
ကျေနပ်ခြင်းမရှိ၍ ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးသည် ပွဲအပြီး၌ ကွင်း
အတွင်းသို့ ၀င်ရောက်ကာ ကွင်းအတွင်းမှ ထွက် ခွာလာသည့် ကွင်းလယ်ဒိုင်လူကြီး
ဦးလှမင်းအား ပါးရိုက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်က ပြောကြားရာ
“ကျွန် တော်တို့အနေနဲ့ စည်းကမ်းထိန်းသိမ်းရေးကို တင် သွားမှာပါ။ ဒါမျိုး
တစ်ခါမှလည်း မကြုံဖူးပါ ဘူး။ ကျွန်တော်လည်း ဒီပွဲကို သွားကြည့်ခဲ့ပါ တယ်။
ပြိုင်ပွဲကျင်းပရေးရော၊ ဒိုင်တွေကိုရော မေးကြည့်ပါတယ်။
ကျွန်တော့်အနေနဲ့လည်း ကွင်းလယ်ဒိုင်ဦးလှမင်းရဲ့ ဆုံးဖြတ်ချက်က မှန်
တယ်လို့ ယူဆပါတယ်။ ဒါကလည်း အသင်း ပိုင်ရှင် တစ်ယောက်အနေနဲ့ သူ့အသင်း
ရှုံးတဲ့အ ချိန်မှာ စိတ်လိုက်မာန်ပါ လုပ်မိတာပါ။ စည်း ကမ်းထိန်းသိမ်းရေး
မဆုံးဖြတ်ခင် သူတို့ လာ တောင်းပန်မယ် ဆိုရင်လည်း တစ်မျိုးတစ်ဖုံ
ပြောင်းသွားနိုင်ပါတယ်”ဟု ပြောကြားသွားခဲ့ သည်။
ထို့နောက် ယင်းကိစ္စအတွက် အရေးယူရန် စည်းမျဉ်းမရှိသေးဟု
စည်းကမ်းထိန်းသိမ်းရေး ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက ပြောကြားရာ “ဒါ မျိုး
တစ်ခါမှလည်း မဖြစ်ဖူးဘူး။ ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေးမှာလည်း
ဒီလို ကိစ္စမျိုး ကို အပြစ်ပေးမယ့် ဥပဒေမျိုး မရှိသေးဘူး။ ခု အချိန်ထိတော့
စည်းကမ်းထိန်းသိမ်းရေးကို ဘာမှ ရောက်မလာသေးဘူး။ ဒီလိုမျိုးက ဒိုင်လူကြီးက
တိုင်မှ ကျွန်တော်တို့ ဆုံးဖြတ်ခွင့်ရမှာပါ။ တကယ် လို့ ဆုံးဖြတ်ခဲ့ရမယ်
ဆိုရင်တောင်မှ ပြစ်ဒဏ် ချမှတ်ဖို့ ဥပဒေကို ပြန်စဉ်းစားရမှာပါ”ဟု
ပြောကြားသွားခဲ့သည်။ ထို့နောက် “ကျွန်တော့်အ နေနဲ့ ပြောရမယ်ဆိုရင်တော့
လူကြီးလူကောင်း တစ်ယောက်အနေနဲ့ မလုပ်သင့်၊ မလုပ်ထိုက်ဘူး လို့ မြင်တယ်”ဟု
ဦးခင်မောင်ထွေးက သုံးသပ် ပြောကြားသွားခဲ့သည်။
Author: မင်းကိုဇင်
7daysports
No comments:
Post a Comment