20 April 2014

ရန်သူ၏ ဦးခေါင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီး ကျောင်းသူများကို အဓမ္မပြုကျင့်ရန် တက္ကသိုလ်တွင် မြေအောက်ခန်းတည်ဆောက်ခဲ့သည့် ဂဒါဖီး



သံမဏိ လက်သီး ဥပဒေများပြဌာန်းပြီး လစ်ဗျားနိုင်ငံကို အုပ်ချုပ်ခဲ့သော အာဏာရှင် မွမ်မာဂဒါဖီ သည် သူ၏ အမုန်းတီးရဆုံး ရန်သူတစ်ယောက်၏ ဦးခေါင်းပြတ်ကို နေအိမ်ရှိ ရေခဲသေတ္တာထဲတွင် ၂၅ နှစ်ကြာ သိမ်းဆည်းခဲ့သည့်အပြင် တက္ကသိုလ်ကျောင်းသူလေးများကို အဓမ္မပြုကျင့်ရန်အတွက် တက္ကသိုလ်တွင် လျှို့ဝှက် အဓမ္မပြုကျင့်သည့်အခန်းငယ်တည်ဆောက်ခဲ့သည်ဟု မကြာခင် ထုတ်လွှင့်တော့မည့် ဂဒါဖီး ၏ မိုက်မဲမှုများကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအရ သိရသည်။ ဒါ့အပြင် ဂဒါဖီသည် သူကိုယ်တိုင်သတ်ဖြတ်ခဲ့သော လူများ၏ရုပ်အလောင်းများကိုလည်း နေအိမ်ရှိ ရေခဲခန်းအတွင်းထိန်းသိမ်းထားပြီး အပျင်းပြေ ကြည့်ရှု့လေ့ရှိသည်။ကျောင်းသူများကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သည့် မြေအောက်ခန်းကိုတော့ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရှိ ထရီပိုလီ တက္ကသိုလ်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တက္ကဆီ မောင်းသူကို လိင်ဆက်ဆံခိုင်းပြီး အလိုမပြည့်လို့ ဓါးနဲ့ထိုးခဲ့တဲ့ အမျိုးသမီး



အိန်ဂျလီနာ ဂျိုလီနဲ့ ရုပ်ချင်းဆင်တူပြီး အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Luminita Perijoc ဆိုသူ ရိုမေးနီးယန်း အမျိုးသမီးကို တက္ကဆီမောင်း သူအား ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက် ထိန်းသိမ်း ထားခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ အသက် ၃၅နှစ်ရှိ တက္ကဆီမောင်းသူ Nicolae Stan နဲ့၂၀၁၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူမဈေးဝယ်ပြန်လာရာကနေ သူမအိမ်ရှိရာ Tulcea မြို့ကို ပြန်ဖို့အတွက် Nicolae ရဲ့ ကားကို ငှားခဲ့ခြင်း ဖြစ်ပါတယ်။ သူမအိမ်ရောက်တဲ့အခါမှာ သူ့ရဲ့ဖုန်းနံပါတ်ကို တောင်းခဲ့ပါတယ်တဲ့။ ဒါကလည်း နောက်တစ်ကြိမ် သူမကားငှားဖို့အတွက်လို့ အကြောင်းပြခဲ့ပါတယ်။

သူ့ဖုန်းနံပါတ်ပေးပြီးနောက် အချိန်အတော်ကြာပြီး သူမက ၀ိုင်ပုလင်းများစွာ သွားယူပြီး သူမထံလာပို့ပေးနိုင်မလားလို့ မေးမြန်းခဲ့ပါတယ်။ ဒါနဲ့ သူသဘောတူပြီး သူမအိမ်ကို သွားပို့ပေးခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ သူ့ကို သူမက ပွေ့ဖက်ပြီး အိမ်ထဲခေါ်ဆောင်ကာ သူမနဲ့ လိင်ဆက်ဆံဖို့ အတင်းအကျပ် စေခိုင်းခဲ့ပါတယ်။

နံနက်ခင်း အသားအရေ ထိန်းသိမ်းမှုဖြင့် အရေပြားကို ကောင်းမွန်စေ

             



1. မနက်အိပ်ရာက နိုးချိန်မှာ မျက်နှာပေါ်မှာ ချွေးနဲ့ အဆီတွေ ရှိနေတတ်တာကြောင့် အရင်ဆုံး သန့်စင်ပေးဖို့ လိုပါတယ်။ လက်ဖဝါးထဲမှာ မျက်နှာသစ်ဆေးကို အမြှုပ်ထအောင်ပြုလုပ်ပြီး မျက်နှာပြင်ပေါ်မှာ စက်ဝိုင်းပုံစံ ပွတ်တိုက် နှိပ်နယ်ပေးပြီးမှ ရေဆေးကာ သန့်စင်လိုက်ပါ။ မနက်ခင်းမှာ သင့်မျက်နှာနဲ့ လည်ပင်းနေရာအနှံ့ကို ရေအေးအေးနဲ့ သန့်စင်လိုက်ပါ။

2. မျက်နှာပေါ်က ရေဓာတ်နဲ့ PH ကို ထိန်းသိမ်း

ပေးနိုင်ဖို့ မျက်နှာသစ်ပြီးချိန် Toner တစ်မျိုး သုံးပေးပါ။ အသားအရေ ခြောက်သွေ့သူနဲ့ အထိအခိုက်မခံတဲ့ အရေပြားပိုင်ရှင်တွေအတွက် အရက်ပြန် မပါဝင်တာမျိုးကို ရွေးချယ်ပေးပါ။ မျက်နှာနဲ့ လည်ပင်းအနှံ့ ဂွမ်းဖတ်လေးနဲ့ လိမ်းပေးပါ။

ဒန်နီဝဲလ်ဘက်ခ်ကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူရန် တော့တင်ဟမ် စီစဉ်နေ

တော့တင်ဟမ်သည် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘက်ခ်ကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
အင်္ဂလန် တိုက်စစ်မှူးသည် မန်ချက်စတာယူနိုက်တက်နှင့် နှစ်နှစ်စာချုပ် ကျန်ရှိနေသေးသော်လည်း အသင်း အနေဖြင့် တော့တင်ဟမ်၏ ကမ်းလှမ်းချက်ကို လက်ခံဖွယ်ရှိကြောင်း ဆိုသည်။
တော့တင်ဟမ်သည် ပရီးမီးယားလိဂ် အတွေ့အကြုံရှိသည့် ထိပ်တန်း တိုက်စစ်မှူးကို ရှာဖွေလျက်ရှိပြီး ဝဲလ်ဘက်ခ်မှာ ၎င်းတို့ စိတ်ဝင်စားနေသည့် တိုက်စစ်မှူး စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။

Grand Royal မဏ္ဍပ်ကို အမည်ပျက် စာရင်းသွင်း


Grand Royal မဏ္ဍပ်တွင် ဖျော်ဖြေနေသည့် ထိုင်းမိန်းမလျာအကမယ်များကို တွေ့ရစဉ် (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)

Grand Royal မဏ္ဍပ် ကို အမည်ပျက်စာရင်းသွင်းပြီး နောင်နှစ်များတွင် ခွင့်ပြုချက် မပေးရန် ဆုံးဖြတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်းက ပြောကြားသည်။

မြန်မာသင်္ကြန် အကြိုနေ့ တွင် Grand Royal မဏ္ဍပ်အရက် ကြော်ငြာရှိုးပွဲ၌ ထိုင်းအကမယ် များက အတွင်းခံသာဝတ်ပြီးကပြ ခဲ့၍ သင်္ကြန်ကာလနှင့်ရောကာ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့သောကြောင့် ရန်ကုန် သင်္ကြန်နာမည်ပျက်ခဲ့ရကြောင်း ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။

‘‘သင်္ကြန်မဏ္ဍပ်အနေနဲ့တင် မဟုတ်ဘဲ မျှော်စင်ကျွန်းထဲမှာ ရှိုးပွဲအနေနဲ့ ခွင့်ပြုချက်တင်ပြီး လုပ်တာ။ ထိုင်းအကအဖွဲ့က အဖော်အချွတ်လုပ်ပြီး အရက် ကြော်ငြာလုပ်ခဲ့ကြတာ။ သင်္ကြန် ကာလနဲ့ တိုက်ဆိုင်သွားတာ။ ဘလက်လစ် သွင်းထားတယ်။