04 April 2014

ပျောက်ဆုံးလေယာဉ် Black Box ရေအောက်မှာ စတင်ရှာဖွေ

                                                                            Australia က မလေးရှား လေယာဉ် ပျောက်ရှာဖွေနေကြ။

 မတ်လ(၈)ရက်နေ့ကတည်း က ပျောက်ဆုံးနေတဲ့ မလေးရှား ဂျက်လေယာဉ်မှာ ပါသွားတဲ့ ပျံသန်းမှု အချက်အလက်မှတ်သားတဲ့ စက် Black Box ကို အိန္ဒိယ သမုဒ္ဒရာထဲ ရောက်နေတဲ့ ရှာဖွေရေး အဖွဲ့တွေက ရေအောက်မှာ စတင် ရှာဖွေနေပြီ ဖြစ်ပါတယ်။ Black Box ကနေ အချက်ပေးစနစ် ထုတ်ပေးဖို့အတွက် သုံးတဲ့ ဘက်ထရီအားက တစ်လလောက် ခံတာမို့ ဒီဘက်ထရီ အားမကုန်ခင် ပြန်ပြီး တွေ့အောင် ကြိုးစားနေကြတာပါ။

Black Box က အချက်ပေးတဲ့နေရာကို လိုက်လံပြီး ထောက်လှမ်းတဲ့ အမေရိကန်ရေတပ်က မိုင်တစ်ရာ့ငါးဆယ် အတွင်း ရှာဖွေနိုင်တဲ့ Pinger Locatorနဲ့ ရှာဖွေပေးနေတယ်လို့ Australia လေတပ်ရဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး  Angus Huston က သောကြာနေ့မှာ ပြောပါတယ်။

လှည်းကူးမြို့မှာ ညမထွက်ရ အမိန့်ပုဒ်မ ၁၈၈ ထုတ်ပြန်


မနေ့က၊ သောကြာနေ့ ညနေပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့မှာ မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဆိုင်အချင်းချင်း ရန်ဖြစ် ရာကနေ လူစုလူဝေးနဲ့ ဆူပူ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကြောင့် ညမထွက်ရ အမိန့်ပုဒ်မ ၁၈၈ ထုတ်ပြန် ထားပါတယ်။

ခိုက်ရန် ဖြစ်ပွားမှုကြောင့် စုဝေးရောက်ရှိလာတဲ့ လူစုနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် တယောက်လည်း ဒဏ်ရာရသွားပါတယ်။

မနေ့က နေ့လည်ပိုင်းမှာ စဖြစ်ခဲ့တဲ့ဒီပဋိပက္ခဟာ ည ၉ နာရီကျော်တဲ့ အချိန်အထိ ဆက်ဖြစ်နေခဲ့ပါတယ်။

မူလင် နဲ့ဗုဒ္ဓဘာသာနှစ်ဦး ရန်ဖြစ်ရာကနေ ပြဿနာ စဖြစ်ခဲ့တာလို့ လှည်းကူးမြို့မှာ ရောက်နေတဲ့ သတင်းထောက်တဦးက ဘီဘီစီကို ပြောပါတယ်။

အလွတ်ကျက်ပညာရေးကို ဦးစားမပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဆယ်စုနှစ်နဲ့ချီပြီး နိမ့်ကျခဲ့တာကြောင့် ပညာရဲ့တန်ဖိုးကို သိရှိမှု နည်းပါး နေကြောင်းနဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ ပညာသင်ပေးရာမှာ ကျောင်းစာကို အလွတ်ကျက်ဖို့ သင်ကြား ပေးတာထက် နားလည် အောင်သင်ကြား ပေးဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်း ပြောကြား ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ၃ နှစ်ပြည့် ရံပုံငွေပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းက မြန်မာကွန်ဗင်းရှင်းစင်တာ MCC မှာ ဒီနေ့ ညနေပိုင်းကကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားခဲ့တာပါ။

"ကမ္ဘာကြီးကိုကြည့်ပြီးတော့ ဒီကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းနိုင်မှ ကျမတို့နိုင်ငံဟာ ချမ်းသာမယ်၊ တည်ငြိမ်မယ်၊ ကျမတို့နိုင်ငံ တည်ငြိမ်၊ ချမ်းသာ၊ အေးချမ်းမှ ကျမတို့ပြည်သူလူထုကလည်း

လောကနီတိ


1. အစားထိုးလို့မရတဲ့ဆုံးရှုံးမှု့နှစ်ခုသာရှိတယ်အဲဒါမိဘနဲ့အချိန်ဘဲ။
2. လူတစ်ယောက်ရဲ့ဘုန်းတစ်ခိုးဆိုတာအလုပ်လုပ်ခြင်းဘဲ။
3. ဆင်ခြေပေးတဲ့ပါးစပ်ထမင်းငတ်တတ်တယ်။
4. နေသလိုဖြစ်တဲ့ဘ၀မှာဖြစ်သလိုမနေပါနဲ့။
5. လုပ်ချင်တာထက်,လုပ်သင့်တာလုပ်ဖို့အရေးကြီးပါတယ်။
6. အပြောနဲ့ကဲ့ရဲ့တတ်သူကို,အလုပ်နဲ့အနိုင်ယူရမယ်။
7. ကိုယ်ဘ၀ကိုယ်သိ,လဲရင်ပြန်ထ,အဲဒါဘ၀ဘဲ။
8. အကျင့်စာရိတ္တသည်,ထိုသူ၏ကံကြမ္မာပင်ဖြစ်သည်။
9. လူ့ဘုံဆိုတာ,လုံလ၀ိရိယဘုံပါ။
10. ရောဂါပျင်းလျှင်ဆေးရှိသည်,လူပျင်းလျှင်ဆေးမရှိပါ။
11. ဘ၀ကြိုးဝိုင်းထဲမှာ,ဒုက္ခကို,ဇွဲနဲ့အလဲထိုး။