25 March 2014

ပြည်ထောင်စုတပ်မတော်ဖွဲ့ရေး တဆင့်ပြီးတဆင့်သွားရန် ၀ တပ်ဖွဲ့ပြော

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးကိစ္စကို အဆောတလျင် မဆောင်ရွက်သင့်ဘဲ တဆင့်ပြီးတဆင့်သွားမှသာ အကျိုးရှိလိမ့်မယ်လို့ ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်က ပြောပါတယ်။ဝပြည်သွေးစည်းညီညွတ်ရေး ပါတီဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်ဇာ ညီလာခံနဲ့ လောခီးလာ ညီလာခံတွေမှာ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
အဲဒီညီလာခံတွေမှာ ချမှတ်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊ ဖက်ဒရယ်တပ်မတော် ထူထောင်ရေးတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ ပြောခွင့်ရသူ ဦေးအာင်မြင့်က ခုလို ပြောပါတယ်။

“ပြည်ထောင်စုတပ်မတော်ဖွဲ့တဲ့ကိစ္စ တခါတည်း လှမ်းသွားလို့ မရောက်နိုင်ဘူးလို့ ထင်တာပဲလေ။ တဆင့်ပြီးတဆင့်လာဖို့ လိုတယ်လို့ ယူဆပါတယ်။ တဆင့်ပြီးတဆင့် လုပ်မယ်ဆိုရင် ပိုပြီးတော့ တိုင်းပြည်အတွက်၊ တိုင်းရင်းသားတွေအတွက် ပိုပြီးတော့ အကျိုးရှိမယ်လို့ ယူဆပါတယ်။”

ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်းဆိုမှုတွေ စိပ်လာ

စစ်အစိုးရ လက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အခု ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံ ဒေသအတော်များများမှာ ကန့်ကွက် ဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ပေးဖို့ အဓိက တောင်းဆိုနေတဲ့ သူတွေကတော့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုနဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ လိုလားတဲ့ ပြည်သူတွေ ဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်မှုပိုင်းမှာ ပါဝင်တဲ့ ခေါင်းဆောင်ပိုင်းတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးဖို့ တောင်းဆို ဆန္ဒထုတ်ဖော်ပွဲ အခု ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံ ဒေသ တော်တော်များများမှာ ပိုပြီး ရှိလာနေပါတယ်။ ဒီကနေ့ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှာ မနက်အစောပိုင်းတုန်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မျိုးစောင့်ဥပဒေ HRW ဝေဖန်

ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်တဲ့ မျိုးစောင့်ဥပဒေ ပြဌာန်းဖို့ အဆိုပြုချက်ကို သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း တို့အနေနဲ့ လက်မခံဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က တိုက်တွန်းလိုက်ပါတယ်။

အစိုးရခေါင်းဆောင်တွေအနေနဲ့ ဒီအဆိုပြုချက်ကို လုံးဝ ပယ်ချမယ့်အစား ဒီအဆိုပြုချက်နဲ့ဆိုင်တဲ့ ဥပဒေမူကြမ်း ရေးဆွဲကြဖို့ တခြား ၀န်ကြီးဌာနတွေဘက်ကို တာဝန်လွှဲပေးလိုက်တဲ့ အပေါ်မှာလည်း သူတို့အနေနဲ့ စိတ်ပျက်မိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ယူနတီဂျာနယ်ကို တရားစွဲဆိုရန် ညွှန်ကြားသူမှာ နိုင်ငံတော်သမ္မတရုံးမှ ဖြစ်ဟုဆို

ဇန်န၀ါရီလအတွင်း ရေးသားထုတ်ဝေခဲ့သော ယူနတီဂျာနယ်၏ မျက်နှာဖုံးပါ သတင်းဆောင်းပါး
နှစ်ပုဒ်ကြောင့် ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ကို နိုင်ငံတော်
လှို့ဝှက်ချက် အက်ဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုရန် ပြည်ထဲရေးဝန်ကြီးဌာနမှ တရားစွဲဆိုခြင်း
ဖြစ်သည်ဟု ယခင်က ပြောဆိုခဲ့သော်လည်း အဓိက ညွှန်ကြားသူမှာ နိုင်ငံတော်သမ္မတရုံးမှ
ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဖြစ်သည်ဟု တရားစွဲဆိုခံရသူများ၏ ရှေ့နေ
ဦးရောဘတ်ဆန်းအောင်က မြန်မာတိုင်း(မ်)သို့ပြောသည်။

ထိုအမှု၏ စတုတ္ထမြောက်ရုံးချိန်းဖြစ်သည့် မတ်၁၇ရက်နှင့် ၁၈ရက်များတွင် တရားလိုအပါအ၀င်
လိုပြသက်သေများအား စစ်ဆေးမေးမြန်းခဲ့ပြီး တရားခွင်၌ တရားလိုဖြစ်သူ အမှတ်(၂၄)၊
ကာကွယ်ရေးပစ္စည်း၊ စက်ရုံဌာနမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားစွဲဆိုရန် ၎င်းအား
ညွှန်ကြားသူမှာ နိုင်ငံတော်သမ္မတရုံးမှ ဖြစ်သည်ဟု ဖြေကြားခဲ့ကြောင်း အဆိုပါ ရှေ့နေက
ပြောသည်။

မောင်တော- ဘူးသီးတောင်တွင် အရွယ်မတိုင်မီ အိမ်ထောင်ပြုသူများပြား



ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်း ဒေသများတွင် နေထိုင်သော ဘင်္ဂလီ ကျေးရွာများတွင် အရွယ်မတိုင်မီ အိမ်ထောင်ပြုသူ အလွန် များပြားနေသည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ် နယ်စပ်ဒေသတွင် တာဝန်ယူခဲ့သော နစက တပ်ဖွဲ့အား ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်းတွင် အိမ်ထောင်ပြုခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းချုပ်မူ မရှိတော့သဖြင့် အသက်မပြည့်သူ အိမ်ထောင်ပြုသူများ အလွန်များပြားနေခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ အသက် ၁၃ နှစ် ၁၄ ဆိုရင်လည်း ယူတာပါဘဲ။ နေ့တိုင်း နေ့တိုင်း မင်္ဂလာဆောင်က ရွာတိုင်းမှာ ရှိတယ်။ ကျွန်တော်တို့ သိရသလောက် နောင်ဆိုရင် ဘယ်လို စည်းကမ်းတွေ အစိုးရက